မဟာအောင်မြေ ဇွန် ၃၀
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်ရှိ အခြခံပညာ (ထက်.လယ်.မူ)ကျောင်းများမှ ပညာရေးဝန်ထမ်းများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာနက ဆေးစိမ်ခြင်ထောင်များဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်ပညာရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးစိမ်ခြင်ထောင် ဖြန့်ဝေပေးမှုကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြိုးအိစံက မဟာအောင်မြေမြို့နယ်အတွင်းရှိ အခြေခံပညာ (ထက်.လယ်.မူ)ကျောင်းများမှ ပညာရေးဝန်ထမ်းများအားပေးအပ်ရာ အခြေခံပညာ(ထက်.လယ်.မူ)ကျောင်းများရှိ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း