သတင်းများ

ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံ သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jun 30,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မာရေးမွမ်းမံသင်တန်း (၁/၂၀၂၅) သင်တန်းဆင်းပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိတ္ထီလာခရိုင်အတွင်းရှိ စားသောက်ကုန်လုပ်ငန်းအား လုပ်ငန်းလုပ်ကိုင်ရာတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်း အမှတ်အသားများ ကိုက်ညီမှုရှိ/မရှိအား  ကွင်းဆင်းစစ်ဆေး
Jun 30,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ စားသောက်ကုန်လုပ်ငန်းအား လုပ်ငန်းလုပ်ကိုင်ရာတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်း အမှတ်အသားများ ကိုက်ညီမှု ရှိ/မရှိအား ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကသာမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jun 30,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအောင်ဆန်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
တနင်္သာရီတိုင်းဒေသကြီး တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 30,2025
တနင်္သာရီတိုင်းဒေသကြီး တိုးတက်ခိုင်မာအားကောင်းသည့်လူမှုအသိုက်အဝန်း ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ညောင်ရွှေမြို့၌ ခရိုင်အဆင့် စက်လှေကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှု(မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၅)ဖွင့်လှစ်
Jun 30,2025
ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ပိုမိုမြန်ဆန်ထိရောက်စွာဆောင်ရွက်နိုင်ရန်၊ တပ်ဖွဲ့ဝင်များ စက်လှေကိုကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်မောင်းနှင်တတ်စေရန်နှင့် ထိခိုက်ပျက်စီးမှုကိုလျော့ချနိုင်စေရန်အတွက် ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာနကဖွင့်လှစ်သည့် ခရိုင်အဆင့်စက်လှေကိုင်တွယ်မောင်းနှင် ထိန်းသိမ်းမှု(မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီခွဲက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ထားဝယ်မြို့တွင် AI နည်းပညာကို စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် အသုံးပြုခြင်း ပညာပေးသင်တန်း  အခမ်းအနား ကျင်းပ
Jun 30,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား AI နည်းပညာကို စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် အသုံးပြုခြင်း ပညာပေးသင်တန်း အခမ်း အနားကို ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
သရက်မြို့၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ ရွှေနီအောင်သိန်းဖောင်ဒေးရှင်း၏ (၂၂) ကြိမ်မြောက် မူလတန်းပညာရေး ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲနှင့် အခြေခံပညာမူလတန်း (Grade-5) ဆုပေးပွဲအခမ်းအနား ကျင်းပ
Jun 30,2025
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊  ရွှေနီအောင်သိန်းဖောင်ဒေးရှင်း၏ (၂၂) ကြိမ်မြောက် မူလတန်းပညာရေး ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲနှင့် အခြေခံပညာမူလတန်း (Grade-5) ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပခဲ့သည်။
ကလောမြို့နယ်၌ ပထမအကြိမ် ဓနုတိုင်းရင်းသား လူငယ်ရေးရာဖလားအလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ
Jun 30,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပထမအကြိမ် ဓနုတိုင်းရင်းသားလူငယ်ရေးရာ ဖလားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွှဲ ၂ နာရီက ကမ္ဘားနီကျေးရွာအားကစားကွင်း၌ ပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ဝင်များ၊ ဓနုတိုင်းရင်းသားအဖွဲ့ချုပ်ဗဟိုနာယကနှင့်အဖွဲ့ဝင်များ၊ ဓနုတိုင်းရင်းသားအားကစားသမားများနှင့် ဓနုမောင်၊မယ်များ တက်ရောက်ခဲ့ကြသည်။