သတင်းများ

ကလေးမြို့တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြို အခမ်းအနားကျင်းပ
Jul 01,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီလာခိုင်နှင့် ကလေး၊ ကလေးဝမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များသည် ၂၀၂၅ ခုနှစ် ဇူလိုင် ၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကုတင် ၃၀၀ အထွေထွေရောဂါကုဆေးရုံကြီးရှိလူနာများအား ဆေးကုသစရိတ်ပေးအပ်ခြင်းနှင့် အောင်မင်္ဂလာသီလရှင် စာသင်တိုက်တို့တွင် လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
နတ်မောက်မြို့၌ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်းနှင့် အရောင်ဖြင့် ခွဲခြားထားသည့် အမှိုက်ပုံးများထားရှိ
Jul 01,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ကြီးကြပ်မှုဖြင့် ပြည်သူများအနေဖြင့် စွန့်ပစ်အမှိုက်များ ခွဲခြားစွန့်ပစ်နိုင်စေရန်  အဆိုပါရုံးရှေ့မျက်နှာစာနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန ရုံးမျက်နှာရှေ့တို့တွင် ယမန်နေ့နံနက်ပိုင်းက အသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်းနှင့် အရောင်ဖြင့်ခွဲခြားထားသည့် အမှိုက်ပုံးများထားရှိခြင်းများ ဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 01,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန်အတွက် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၌ ဌာနဆိုင်ရာများစုပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 01,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ဌာနဆိုင်ရာများစုပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက နန်းဩကျေးရွာအုပ်စု၊ သိုက်ချောင်းကျေးရွာအနီးရှိ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေး၌ ကျင်းပခဲ့သည်။
မိုင်းယောင်းမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် လက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးပြသ
Jul 01,2025
မိုးစပါးပန်းတိုင်အထွက်နှုန်းထွက်ရှိရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် လက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးပြသခြင်းကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ကောင်းအုပ်စု ဝမ်ဟွန်းကျေးရွာ၌ ကျင်းပသည်။
၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jul 01,2025
၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်တွင် တောင်ကြီးမြို့၊ ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ ကျင်းပသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ တက်ရောက်
Jul 01,2025
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီနယ်မြေအတွင်း နွေ၊ မိုး၊ ဆောင်း ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရာက်၊ ဥတ္တရသီရိ ရေလှောင်တမံအား ကွင်းဆင်းစစ်ဆေး
Jul 01,2025
နေပြည်တော်ကောင်စီနယ်မြေအတွင်း နွေ၊ မိုး၊ ဆောင်း ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။