နတ်မောက်မြို့၌ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်းနှင့် အရောင်ဖြင့် ခွဲခြားထားသည့် အမှိုက်ပုံးများထားရှိ

နတ်မောက် ဇူလိုင် ၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ကြီးကြပ်မှုဖြင့် ပြည်သူများအနေဖြင့် စွန့်ပစ်အမှိုက်များ ခွဲခြားစွန့်ပစ်နိုင်စေရန်  အဆိုပါရုံးရှေ့မျက်နှာစာနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန ရုံးမျက်နှာရှေ့တို့တွင် ယမန်နေ့နံနက်ပိုင်းက အသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်းနှင့် အရောင်ဖြင့်ခွဲခြားထားသည့် အမှိုက်ပုံးများထားရှိခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ စွန့်ပစ်အမှိုက်များကို ခွဲခြားစွန့်ပစ်ရာတွင် အမှိုက်စို၊ အမှိုက်ခြောက်၊ ဘေးအန္တရာယ်ရှိ အမှိုက်၊ ပလတ်စတစ်အမှိုက်များကို ခွဲခြား၍ စနစ်တကျစွန့်ပစ်နိုင်ရေး၊ အမှိုက်အမျိုးအစားအလိုက် အရောင်ဖြင့် ခွဲခြားစွန့်ပစ်ခြင်းနှင့်ပတ်သက်သည့် သိကောင်းစရာများ၊ စည်ပင်သာယာရေး နယ်နိမိတ်အတွင်း နေထိုင်ကြသော ပြည်သူများအနေဖြင့်လည်း အမှိုက်သိမ်းယာဉ်များပေါ်သို့ စနစ်တကျစွန့်ပစ်ကြရန်၊ ပြည်သူများပူးပေါင်းပါဝင်မှုဖြင့် အမှိုက်ခွဲခြားစွန့်ပစ်တတ်သည့် အလေ့အကျင့်ကောင်းများရရှိရေး အသိပညာပေး ဗီနိုင်းစိုက်ထူခြင်းနှင့် အမှိုက်အမျိုးအစားအလိုက် အရောင်ဖြင့်ခွဲခြားထားသည့် အမှိုက်ပုံးများထားရှိခြင်းကို တာဝန်ခံအင်ဂျင်နီယာ၊ စည်ပင်သာယာရေးကော်မတီဝင်များ၊ အဖွဲ့ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မူမူစန်း