တာချီလိတ်မြို့နယ်၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 30,2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းနှင့် ရွှေသတ္တု အလတ်စား ထုတ်လုပ်မှုလုပ်ငန်း သဘောတူစာချုပ် ချုပ်ဆိုထားသော ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊ နားယောင်းကျေးရွာအုပ်စုရှိ အောင်ဝန်းနေကုမ္ပဏီ (SETCL-20) လုပ်ကွက် ပုံချက်ကွင်းဟောင်းပေါ်နှင့် လွယ်ခမ်းလုံ ကုမ္ပဏီ(SETCL- 40,10,11)၊ လင်းလျှံထက် ကုမ္ပဏီ (SETCL-12)လုပ်ကွက်ရှိ စွန့်ပစ်မြေစာပုံများပေါ်တွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။