ဇေယျာသီရိမြို့နယ်၌ ဌာနဆိုင်ရာများစုပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ဇေယျာသီရိ ဇူလိုင် ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ဌာနဆိုင်ရာများစုပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက နန်းဩကျေးရွာအုပ်စု၊ သိုက်ချောင်းကျေးရွာအနီးရှိ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေး၌ ကျင်းပခဲ့သည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူး ခိုင်မင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဇေယျာသီရိမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများကခရေ ၅၀ ပင်၊ သပြေဘူတ ၅၀ ပင်၊ စိန်ပန်း ၅၀ ပင်နှင့် ပန်းပိတောက် ၅၀ ပင် စုစုပေါင်းသစ်ပင် ၂၀၀ ပင်အား စိုက်ပျိုးခဲ့ပါကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)