သတင်းများ

ပင်းတယမြို့၌ ကျား/မ ရေးရာနှင့် ကျား/မ ရေးရာအခြေပြု အကြမ်းဖက်မှု GENDER, CEDAW, NSPAW, UNSCR 1325 နှင့်ပတ်သက်ပြီး အသိပညာပေး ဆွေးနွေးပွဲဆောင်ရွက်
Jun 30,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ မြို့နယ်လူမှုဝန်ထမ်းရုံး၌ ယနေ့နံနက် ၉ နာရီအချိန်က ကျား၊ မ ရေးရာနှင့် ကျား၊ မ ရေးရာအခြေပြု အကြမ်းဖက်မှု GENDER, CEDAW, NSPAW, UNSCR 1325 နှင့်ပတ်သက်ပြီး အသိပညာပေး ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ Gender,CEDAW,NSPAWနှင့် UNSCR 1325 အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Jun 30,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ Gender,CEDAW,NSPAWနှင့် UNSCR 1325 အသိပညာပေးဆွေးနွေးပွဲကို ဇွန် ၃၀ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင်ကျင်းပသည်။
မိုးနဲမြို့နယ် ကုန်းလုံကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်း
Jun 30,2025
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက ကုန်းလုံကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုးနဲမြို့နယ်၌ (DU-12)မိုးစပါးမျိုး မျိုးစေ့ချကိရိယာဖြင့် ကွင်းသရုပ်ပြစိုက်ပျိုး
Jun 30,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် မျိုးစေ့ချကိရိယာ Drum Seeder ဖြင့် DU-12 မိုးစပါး တောင်သူပညာပေး ကွင်းသရုပ်ပြစိုက်ပျိုးခြင်းကို နောင်မြိုင်းကျေးရွာအုပ်စု၊ တောင်သူဦးစိုင်းနော်ခမ်း၏ လယ်မြေတွင် ယနေ့နံနက် ၈ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများ စိုက်ပျိုးပညာပေးသင်တန်း ဖွင့်လှစ်
Jun 30,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများခေတ်မီနည်းပညာများ လက်လှမ်းမီစေရန်နှင့် စိုက်ပျိုးထုတ်လုပ်မှုအထောက်အကူဖြစ်စေသည့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကို ယမန်နေ့က မြို့သစ်မြို့နယ် စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
မိုင်းယောင်းမြို့၌ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ အသုံးပြုမှုမရှိစေရေး စစ်ဆေး
Jun 30,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ်၌ ယမန်နေ့ ညနေ ၅ နာရီက လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ တရားမဝင်တင်သွင်းခြင်းနှင့် ရောင်းချခြင်း၊ မောင်းနှင်အသုံးပြုခြင်း မရှိစေရေးအတွက် ရှောင်တခင်စစ်ဆေးခြင်းကို အမှတ်(၈)ရပ်ကွက် ဗလမင်းထင်လမ်းမ၌ ဆောင်ရွက်သည်။
မိုင်းပန်မြို့နယ်ရဲတပ်ဖွဲ့ မိသားစုဝင် သား/သမီးများမှ ကျောင်းသား/သူများအား ပညာရေး ထောက်ပံ့မှုပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jun 30,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ မြို့နယ်ရဲတပ်ဖွဲ့ မိသားစုဝင် သား/သမီးများမှ ကျောင်းနေအရွယ် ကျောင်းသား/သူများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတွက် ပညာရေးထောက်ပံ့မှု ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်ရဲတပ်ဖွဲ့၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံ သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jun 30,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မာရေးမွမ်းမံသင်တန်း (၁/၂၀၂၅) သင်တန်းဆင်းပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။