ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံ သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ဘုတ်ပြင်း ဇွန် ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မာရေးမွမ်းမံသင်တန်း (၁/၂၀၂၅) သင်တန်းဆင်းပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ သင်တန်းနည်းပြများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီက ဝန်ထမ်းများ လုပ်ငန်းစွမ်းရည်တိုးတက်မြှင့်မားစေရေး သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များနှင့်ပတ်သက်၍ သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ယင်းနောက်သင်တန်းတွင် သင်ကြား ပို့ချပေးသည့် ဌာနဆိုင်ရာများမှ နည်းပြများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ဇာခြည်ဖြိုးတို့က အမှတ်တရလက်ဆောင်များ အသီးသီးပေးအပ်ခဲ့သည့်။

ထို့နောက် သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့်သင်တန်းစည်းကမ်းလိုက်နာမှုရှိခြင်းနှင့် စိတ်ပါဝင်စားမှုအရှိဆုံး သင်တန်းသားများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်နှင့် သင်တန်းဆင်းလက်မှတ်များ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)