မိုင်းရှူးမြို့တွင် မုန်တိုင်းအန္တရာယ်ဆိုင်ရာအသိပညာပေး(Talk Show)ဆောင်ရွက်

မိုင်းရှူး မေ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွှဲ(၂)နာရီက မုန်တိုင်းအန္တရာယ်ဆိုင်ရာအသိပညာပေး(Talk Show) ဆောင်ရွက်ခဲ့သည်။

အဆိုပါ Talk Showအစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မန်ဆန်းလွန်နှင့် ဒေါ်နန်းရွှေရင်(အငယ်တန်းစာရေး)တို့က မိုးကြိုကာလ၌အဖြစ်များသည့် လေပြင်းမုန်တိုင်းဘေးအတွက် ကြိုတင်ကာကွယ်ရန် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှုများ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်အတွင်းနှင့် ဖြစ်ပွားပြီးနောက် လိုက်နာကြရမည့် ဆောင်ရန်ရှောင်ရန်အချက်များ၊ မုန်တိုင်းဘေးအတွက် သတ်မှတ်ထားသည့် အရောင်ငါးမျိုးဆိုင်ရာသိကောင်းစရာများ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ပေးလျက်ရှိသည့် မိုးလေဝသသတင်းများကို ဂရုပြုနားထောင်ကြရန်၊ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)