သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက် သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း

ဇမ္ဗူသီရိ မေ ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀၀)၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀၀)မှ ဒုတိယဆေးရုံအုပ်ကြီး ညွှန်ကြားရေးမှူး ဒေါက်တာရန်နိုင်မောင်၊ နေပြည်တော် တိုင်းမီးသတ်ဦးစီးမှူး ဦးလှိုင်ဝင်းအောင် ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၃၅ ဦးတို့ဖြင့် ဆေးရုံဝင်းအတွင်းရှိ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသော အပင်ကြီးများ၊ အဆောက်အဦအပေါ်ပြိုလဲ၊ ကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်များအား ခုတ်ထွင်ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)