ဘူးသီးတောင် မေ ၁၀
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်း၏ လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်/ကျေးရွာအုပ်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး မုန်တိုင်းဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ (အခမဲ့) ဖြန့်ဝေခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ဘူးသီးတောင်မြို့ အနောက်ကွင်းစျေးနှင့် လူစည်ကားရာ လမ်းဆုံများ၊ ဘူးသီးတောင်မြို့နယ် ကကျက်ဘက်(ကံပြင်) ကျေးရွာ အုပ်စုစျေး၊ လူစည်ကားရာနေရာများတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာအသိပညာပေးဟောပြောခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောရာတွင် လက်ကမ်းစာစောင်တွင် ပါဝင်သည့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် ဘင်္ဂလားပင်လယ်အော်အခြေအနေ၊ မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် ထိခိုက်ပျက်စီးမှုလျော့နည်းစေရေး၊ မုန်တိုင်းဘေးအန္တရာယ် ကာကွယ်ဆောင်ရွက်ရမည့်အချက်များဖြစ်သော မုန်တိုင်းအတွက်ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ မုန်တိုင်းသတိပေး ချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ် နေစဉ်တွင် ရှောင်ရှားသင့်သည့် အချက်များ၊ လိုက်နာရန် အချက်များ၊ မုန်တိုင်းဖြစ်ပေါ် ပြီးချိန်တွင် ပြုလုပ်ရန်အချက်များနှင့် မုန်တိုင်း၏အန္တရာယ်ကို ပြည်သူများ လွယ်ကူစွာ သိရှိစေရန်၊ မုန်တိုင်းအရောင်အဆင့် အညွှန်းအမှတ်များနှင့် လုပ်ဆောင်ရမည့်လုပ်ငန်းများ စသည့်အကြောင်းအရာများအား အသိပညာပေးပြောကြားပြီး မုန်တိုင်းဘေးအသိပညာပေး လက်ကမ်းစာစောင် စောင်ရေ(၅၀၀)ကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)