သတင်းများ

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၏ သြဝါဒါစရိယဆရာတော်ကြီးများထံမှ သြဝါဒခံယူပွဲကျင်းပ
Jun 30,2023
ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် သြဝါဒါစရိယဆရာတော်ကြီးများထံမှ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ သြဝါဒခံယူပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် နန်းဦးဘုရားကြီးတန်ဆောင်း၌ ကျင်းပခဲ့သည်။
ငဖဲမြို့ ချင်းစုရပ်ရှိ လယ်မြေတွင် ပံဖူးစားပြောင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း၍ မိသားစု စီးပွားရေးအဆင်ပြေ
Jun 30,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့ ချင်းစုရပ်ကွက်သည် မန်းချောင်းနံဘေးတွင် တည်ရှိပြီး မြို့၏အရှေ့ဘက်လယ်မြေများတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနှင့်အတူ မြေအောက်ရေနှင့် မန်းချောင်းရေကို အသုံးပြု၍ ပံဖူးစားပြောင်းများ စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်း၍ မိသားစု စီးပွားရေးအဆင်ပြေ လျက်ရှိကြောင်း တောင်သူ ဒေါ်လှအေးထံမှ သိရသည်။
လှည်းကူးမြို့နယ်တွင် အခြေခံမော်တာစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ
Jun 30,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံမော်တာစက်ချုပ် သင်တန်းဆင်းပွဲကို  ယနေ့နံနက်ပိုင်းက ရဲမွန်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခြင်းသို့  တက်ရောက် ကြည့်ရှုအားပေး   
Jun 30,2023
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ထားဝယ်ခရိုင်အတွင်း ငလျင်ဘေးအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ်ကျရောက်လာပါက ထိရောက်ဆုံးနှင့် အမြန်ဆုံးကယ်ဆယ်ရေးလုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်အတွက် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှဦးစီး၍ ကြက်ခြေနီတပ်ဖွဲ့၊မီးသတ်တပ်ဖွဲ့ ဆရာ/မများနှင့်ကျောင်းသား/သူများ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
သရက်မြို့နယ်၌ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံ
Jun 30,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီက အချိန်မှစတင်၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်လျက်ရှိသည်။
မုဒုံမြို့နယ်တွင် ကြက်ဟင်းခါးသီးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းသဖြင့် တောင်သူများ အဆင်ပြေ 
Jun 30,2023
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများနှင့် မြို့အနီးအနား ပတ်ဝန်းကျင်တွင် ကြက်ဟင်းခါးသီးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ တောင်သူများ တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဘားအံတက္ကသိုလ်၌ ပါရဂူဘွဲ့သင်တန်းဖွင့်လှစ်
Jun 30,2023
ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်တွင် ပညာရေးဘွဲ့သင်တန်းများအနက် အဆင့်အမြင့်ဆုံးဖြစ်သော ပါရဂူဘွဲ့သင်တန်းဖွင့်ပွဲအခမ်အနားကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က အဆိုပါတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပခဲ့သည်။
လားရှိုးမြို့တွင် ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာဥက္ကဋ္ဌများ၊ ရပ်ကွက်ကျေးရွာ စာရေးဝန်ထမ်းများနှင့် အစည်းအဝေးပြုလုပ်
Jun 30,2023
ဒေသဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် ဌာနဆိုင်ရာများ ၊ကျေးရွာ ဥက္ကဋ္ဌများ ၊ ရပ်ကျေးစာရေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီအချိန်က လားရှိုးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။