သတင်းများ

အုတ်တွင်းမြို့နယ်အတွင်း မုန်တိုင်းဒဏ်သင့်ပြည်သူများအား အိမ်သုံးပစ္စည်းများ၊ ဆန်နှင့် ထောက်ပံ့ငွေများပေးအပ်
May 17,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရိရတနာခန်းမ၌ ယနေ့‌မွန်းလွဲပိုင်းက ခရိုင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ မြို့နယ်အတွင်းမုန်တိုင်းဒဏ်သင့်ပြည်သူများအား အိမ်အသုံးအဆောင်ပစ္စည်းများ၊ ဆန်နှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး (Talk Show ) ကျင်းပ
May 17,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)တို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး(Talk Show)အစီအစဉ်ဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။
မိုးညိုမြို့နယ်တွင် ငှက်ပျောပင်မှထုတ်လုပ်မည့် လူသုံးကုန်ပစ္စည်းပြုလုပ်နည်း သင်တန်းဆင်းပွဲပြုလုပ်
May 17,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်ပေးသည့် အသက် မွေးဝမ်းကျောင်းအထောက်အကူပြု ငှက်ပျောပင်မှထုတ်လုပ်မည့် လူသုံးကုန်ပစ္စည်းပြုလုပ်နည်းသင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီခွဲက တက်ဆွဲကျေးရွာအုပ်စု၊ ကျီးပင်စုကျေးရွာရှိ စာသင်ကျောင်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတက်ရောက်
May 17,2023
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားရေး ဒုတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ယင်းမာပင်ခရိုင်၊ မုံရွာခရိုင်တို့မှ ခရိုင်/မြို့နယ်ပညာ ရေးမှူးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်၊ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်၊ ဟုမ္မလင်း ခရိုင်များမှ ခရိုင်/မြို့နယ်ပညာရေးမှူးများက Video Conferencing စနစ် ဖြင့် တက်ရောက်ကြသည်။
ပေါင်းတည်မြို့နယ်သို့ ဒေသဖွံ့ဖြိုးရေးအတွက် ဒေသဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ ကွင်းဆင်းကြည့်ရှု
May 17,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်သို့ ဒေသဖွံ့ဖြိုးရေးအတွက် အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံမှစက်ရုံမှူး ဗိုလ်မှူးကြီးဇော်ထွန်းဦး၊ ဗိုလ်မှူးကြီး ကျော်ထင်နှင့် ဒု-ဒကစမှူး ဗိုလ်မှူးကောင်းမြတ်တို့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများလိုက်ပါလျက် ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က မြို့နယ်အတွင်း ကွင်းဆင်းကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့တွင် လူရည်ချွန် မောင်မယ်တွေ့ဆုံပွဲနှင့် အတွေ့အကြုံရှင်းလင်းပွဲကျင်းပ
May 17,2023
ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဗန်းမော်ခရိုင် “လူရည်ချွန်မောင်မယ် တွေ့ဆုံပွဲနှင့် အတွေ့အကြုံ ရှင်းလင်းပွဲ” ကို အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း မြညီလာခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ချမ်းမြသာစည်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် စာပေစကားဝိုင်းကျင်းပ
May 17,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအ‌ခြေပြုဗဟိုဌာန (Community Centre)တွင် လူငယ်များစာပေလေ့လာဖတ်ရှု‌မှု ပိုမိုအားကောင်းလာစေရန်နှင့် အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်လာစေရန်တို့ကို ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီက စာပေစကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။