ကြာအင်းဆိပ်ကြီး ဇူလိုင် ၅
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရပ်ကွက်ကျေးရွာအုပ်စု ကျေးရွာများမှမိသားစုတစ်ပိုင်တစ်နိုင် တိရစ္ဆာန်မွေးမြူရေးလုပ်ကိုင်လျက်ရှိသည့် ဒေသခံမွေးမြူရေး တောင်သူများအား တိရစ္ဆာန်အစာအဆင်ပြေစွာ ကျွေးမွေးနိုင်စေရေးအတွက် တိရစ္ဆာန်အစာ ထောက်ပံ့ပေးအပ်ခြင်းကို ဇူလိုင်လ ၃ ရက်နေ့ ညနေပိုင်းအချိန်က ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၌ ပြုလုပ်ကျင်းပသည်။
အဆိုပါမွေးမြူရေးတောင်သူများအား တိရစ္ဆာန်အစာထောက်ပံ့ပေးအပ်ခြင်းတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါက်တာစိုးလွင်က တိရစ္ဆာန်အစာထောပ်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ မိမိတို့ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာဦးစီးဌာနများမှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ မင်္ဂလာကုန်းရွှေလင်းဦးချွန်ကုန်းကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်ရှိ ဝက်မွေးမြူရေးတောင်သူ(၄၀)ဦးအား တစ်ဦးလျှင် တိရစ္ဆာန်အစာ (၂၅) ကီလိုအိတ် တစ်အိတ်နှုန်းဖြင့် စုစုပေါင်းတိရစ္ဆာန်အစာအိတ်(၄၀)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး