ကျောက်ဆည်မြို့နယ်တွင် နဂါးမောက်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Jul 04,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ညောင်ရွေကျေးရွာတွင် စိုက်ပျိုးထားသော နဂါးမောက်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် နဂါးမောက်သီးနှံအနီမျိုး အပင်(၂)ထောင်စိုက်ပျိုးပါက ကုန်ကျစရိတ်အနေဖြင့် မျိုးပင်၊ စိုက်ပျိုးခ၊ ကွန်ကရစ်တိုင်နှင့် ငြမ်းစင်ပြုလုပ်ခြင်း အပါအဝင် ငွေကျပ် (၃၁၅) သိန်းခန့် ကုန်ကျကြောင်း တောင်သူ ဦးစံမြင့်က ပြောပြသည်။