သတင်းများ

မိုင်းနောင်မြို့တွင်လစဥ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းဆောင်ရွက်
Jul 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့ နံနက်(၈)နာရီက တိုက်နယ်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။
ပုသိမ်မြို့၌ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပ
Jul 04,2023
မြန်မာအမျိုးသမီးများနေ့ အခမ်းအနားအား ပုသိမ်မြို့၊ ဧရာရွှေခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီးအတွင်း အမျိုးသမီးများအရေး ဆောင်ရွက်ပေးနေကြသည့် အဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ငပုတောမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သွင်းအားစုများထုတ်ချေးပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Jul 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှသွင်းအားစုများ ထုတ်ချေးပေးနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်မည့် အုန်းပင်စုကျေးရွာအုပ်စု၊ သက္ကာယ်ချောင်းကျေးရွာအုပ်စု၊ ဖျန်ရေကျော်ကျေးရွာအုပ်စုရှိ မိုးစပါးစိုက်တောင်သူများအား သွင်းအားစုများထုတ်ချေးပေးနိုင်ရေးအတွက် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင်  ယမန်နေ့နံနက်ပိုင်းကမြို့နယ်စီအုပ်ချုပ်ရေး အုပ်ချုပ်ရေးအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မိုင်းရယ်မြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်
Jul 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများပူးပေါင်း၍ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၇ နာရီက မိုင်းရယ်-နားဖျိုင်းလမ်းဘေး၌ ပြုလုပ်သည်။
နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကျင်းပပြုလုပ်
Jul 04,2023
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် စာအုပ်စာပေဝါသနာပါသူ (Club)အဖွဲ့ဝင်များ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ ယနေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။
ပလောက်မြို့၌ မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး/ထိုးနှံပေးလျက်ရှိ
Jul 04,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ ပလောက်မြို့၊ ပြည်သူ့ဆေးရုံရှိ တိုက်နယ်ကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိသည်။
သံတောင်ကြီးမြို့နယ် သဲပျော်အထက်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းနှင့် သင်တန်းပြုလုပ်
Jul 04,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံဖြိုးတိုးတက်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်း ၊စာရင်းထိန်းသိမ်းနည်းပုံစံများ နှင့်လိုအပ်သည်များ ရှင်းလင်းပို့ချခြင်းသင်တန်းကို ယနေ့ နံနက်(၉)နာရီအချိန် သဲပျော်အထက်ကျေးရွာတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) မိတ်ဆက်ရှင်းခြင်းနှင့် စာရင်းဇယာများပြည့်စုံမှန်ကန်စွာဖြည့်သွင်းနိုင်ရန် နှင့် ကျေးလက်ဉပဒေများသိရှိစေရန် ရည်ရွယ် ပြီးကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများ ကရှင်းလင်းပို့ချပေးခဲ့ပြီး သင်တန်းတွင် သဲပျော်အထက်ကျေးရွာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP) မတီဝင်များက တက်ရောက်ခဲ့ကြောင်းသိရသည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ နွားပြဂူဘုရားဖူးမြှော်ပြီး (၁၃) ရာစု နံရံဆေးရေးပန်းချီများကို လေ့လာနိုင်
Jul 04,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးလာရောက်သည့်အခါ အေဒီ (၁၃) ရာစုကတည်ထားသည့် နွားပြဂူဘုရားကိုဖူး မြှော်ပြီး နံရံဆေးရေးပန်းချီများကို လေ့လာနိုင်ကြောင်း သိရသည်။