သတင်းများ

ကွမ်းခြံကုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်းသရုပ်ပြပွဲနှင့်တောင်သူများအား ဓါတ်မြေသြဇာပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jul 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြိုနယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်းသရုပ်ပြပွဲနှင့် တောင်သူများအား ဓါတ်မြေသြဇာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကမာပါကျေးရွာမြို့အဝင်၊ မြို့ရှောင်လမ်းထိပ် ကွင်းအမှတ်(၃၇၁)တောင်သူဒေါ်တင့်/ဒေါ်ဥမ္မာနီလယ်တွင်  ပြုလုပ်ခဲ့ကြောင်းသိရသည်။
တနိုင်းမြို့၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ စည်ကားသိုက်မြိုက်စွာ  ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 05,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ဇူလိုင်လ (၃) ရက်နေ့ နံနက် (၁၀) နာရီခွဲက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွား(၈၂၃)ဦးအား အိမ်တိုင်ရာရောက်လူ မှုရေး ပင်စင်ထောက်ပံ့ပေး
Jul 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်း အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းကို ယမန်နေ့ နံနက်တွင် အိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းရင်းသားစာပေယဉ်ကျေးမှုနှင့် လူမှုစီးပွားဖွံ့ဖြိုးရေးဆိုင်ရာတွေ့ဆုံ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားနှင့် တိုင်းရင်းသားဘာသာကျောင်းသုံး ပုံနှိပ်စာအုပ်ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်
Jul 05,2023
တိုင်းရင်းသားစာပေယဉ်ကျေးမှုနှင့်လူမှုစီးပွားဖွံ့ဖြိုးရေးဆိုင်ရာတွေ့ဆုံ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားနှင့် တိုင်းရင်းသားဘာ သာကျောင်းသုံး ပုံနှိပ်စာအုပ်ပေးအပ်ပွဲအခမ်းအနားကိုယမန်နေ့နံနက် ၈ နာရီအချိန်က ထားဝယ်မြို့၊ တိုင်းရင်းသားလူမျိုးရေးရာဝန် ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ကျင်းပခဲ့သည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ(၁၀/၂၀၂၃) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် ကရင် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကျင်းပ
Jul 05,2023
ကရင်ပြည်နယ်အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ(၁၀/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်တွင် စာ‌ပေဖတ်ရှုမှု ပိုမိုမြင့်မားလာ‌စေရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Jul 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်ကအမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်ရှိ တောင်သူများ၏ ဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး တွေ့ဆုံဆွေးနွေး
Jul 05,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု၊ ရှားစေးဖိုကျေးရွာရှိ ဓမ္မပါလဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ တောင်သူများ၏ ဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ပျဉ်းမနားမြို့နယ်၌ အသက် နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ တိုက်ကျွေး
Jul 05,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် အသက် နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများကို ယနေ့နံနက် ၈ နာရီက ရန်အောင် ၂ ရပ်ကွက်ဓမ္မာရုံ၌ ဆက်လက်ထိုးနှံ တိုက်ကျွေးကြောင်း သိရသည်။