အိမ်မဲ ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်း အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းကို ယမန်နေ့ နံနက်တွင် အိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
“ကျွန်မတို့ လူမှုဝန်ထမ်းဦးစီးဌာနမှ အိမ်မဲမြို့နယ်အတွင်းရပ်ကွက်၊ ကျေးရွာအုပ်စု(၉၆)အုပ်စုမှ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၈၂၃)ဦးအတွက်ထောက်ပံ့ငွေများကို ဇူလိုင်လ(၃) ရက်နေ့ ကတည်းက ထုတ်ပေးတာဖြစ်ပါတယ်။ ထုတ်ပေးတာကလည်း သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ စာရေးတွေကို ထုတ်ပေးပြီး သူတို့ကတစ်ဆင့်ထောက်ပံ့တာဖြစ်ပါတယ်။ ယခုကလည်း ကျွန်မတို့ လက်လှမ်းမှီသလောက် မြို့ပေါ်ရပ်ကွက်နဲ့ အနီးအနားကရွာတွေကို အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေး တာဖြစ်ပါတယ်လို့” အိမ်မဲမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြိုနယ် ဦးစီးမှူး ဒေါ်ဝင့်ဝါဝင်းထွဋ် “ ပြောကြားချက်အရသိရသည်။
အိမ်မဲမြို့နယ်အတွင်းရပ်ကွက်၊ ကျေးရွာအုပ်စု(၉၆)အုပ်စုမှ အသက်(၈၅)နှစ်အထက်သက်ကြီး ဘိုးဘွား(၈၂၃)ဦးအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ပထမသုံးလပါတ်(ဧပြီ၊မေ၊ဇွန်)လအတွက် တစ်ဦးလျှင်(၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း(၂၄၆၉၀၀၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)