တနိုင်းမြို့၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ စည်ကားသိုက်မြိုက်စွာ  ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တနိုင်း   ဇူလိုင်  ၅

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ဇူလိုင်လ (၃) ရက်နေ့ နံနက် (၁၀) နာရီခွဲက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးက  ဝါမဝင်မီဝါတွင်းကာလအတွင်း တနိုင်းမြို့နယ်အတွင်းရှိ ဘုန်းကြီး ကျောင်းတိုက် (၂၇) ကျောင်းနှင့် သီလရှင်ကျောင်း (၂) ကျောင်းတို့အား သီတင်းသုံးနိုင်ရန်အတွက်  ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူ များ စု‌ပေါင်း၍ ကျောင်းတိုက် (၁) ကျောင်းလျှင်ဝတ္ထုငွေ (၅၀၀၀ဝ) ကျပ်၊ သင်္ကန်း (၁)စုံနှင့် ဆန် (၁) အိတ်နှုန်းဖြင့် ဆက်ကပ်လှူဒါန်းသွားမည့် ဖြစ်ကြောင်းသိရသည်။

 ပိုင်ထွန်း(တနိုင်း)