ကွမ်းခြံကုန်း ဇူလိုင် ၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြိုနယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်းသရုပ်ပြပွဲနှင့် တောင်သူများအား ဓါတ်မြေသြဇာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကမာပါကျေးရွာမြို့အဝင်၊ မြို့ရှောင်လမ်းထိပ် ကွင်းအမှတ်(၃၇၁)တောင်သူဒေါ်တင့်/ဒေါ်ဥမ္မာနီလယ်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
မျိုးစေ့ချစိုက်ပျိုးခြင်း သရုပ်ပြပွဲတွင် ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးရဲတင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စပါးမျိုးစေ့ချကိရိယာကို အသုံးပြုခြင်းဖြင့် စပါးမျိုးစေ့ကုန်ကျမှုသက်သာခြင်း၊ အလုပ်သမားစရိတ်သက်သာခြင်း၊ အပင်များအတန်းလိုက်ဖြစ်၍ လေဝင်လေထွက်ကောင်းခြင်း၊ ကြားပေါင်းလိုက်လွယ်ကူခြင်း၊ အောင်မြင်ဖြစ်ထွန်းသော စပါးပင်များရရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးဦးကြည်စိန်ထံမှ သိရသည်။
ဆွေနွယ်(ပြန်/ဆက်)