သတင်းများ

နမ္မတူမြို့နယ်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံပေး
Jul 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နှင့်အနီးပတ်ဝန်းကျင် ကျေးရွာ များရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံခြင်းကို ယမန်နေ့က ပန်ဟိုက်ရပ်ကွက်ရှိ မိခင်နှင့်ကလေးကျန်းမာ ရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေတိဂုံစေတီတော် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ရှင်ဥပဂုတ္တ မင်္ဂလာကန်တော် ပြုပြင်မှုလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ
Jul 05,2023
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူး၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ရှင်ဥပဂုတ္တမင်္ဂလာ ကန်တော်ပြုပြင်မှုလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီတွင် ရွှေတိဂုံစေတီတော် အောက်ပစ္စယာ အနောက်‌မြောက်ဘက် သိင်္ဂုတ္တရဥယျာဉ်တော်အတွင်းရှိ ဗဟိုမဏ္ဍပ်တွင်ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ဟင်္သာတခရိုင်အတွင်းရှိ ရာဘာစိုက်ပျိုး ထုတ်လုပ်မှု၊ ပီလောပီနံ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများကြည့်ရှုစစ်ဆေး
Jul 05,2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဇူလိုင်လ (၃)ရက်နေ့ နေ့လယ်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ လိုက်ပါလျက် ဟင်္သာတခရိုင်အတွင်းရှိ ရာဘာစိုက်ပျိုးထုတ်လုပ်မှု၊ ပီလောပီနံစိုက်ပျိုး ထုတ်လုပ်မှု အခြေအနေများကြည့်ရှုစစ်ဆေးခဲ့သည်။
တနင်္သာရီမြို့တွင် အသက်(၈၅)နှစ်နှင့် အထက်အဘိုးအဘွား (၂၄၂)ဦးအား လူမှုရေးပင်စင် (၃)လစာအတွက် ထောက်ပံ့ငွေလွှဲပြောင်းပေးအပ်
Jul 05,2023
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အသက်ကြီးအဘိုးအဘွား (၂၄၂)ဦး အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင် ထောက်ပံ့ငွေ တစ်လအတွက် တစ်ဦးလျှင်(၁၀၀၀၀)ကျပ်နှုန်းဖြင့် ၂၀၂၃ခုနှစ်၊ (ဧပြီ၊ မေ၊ ဇွန်) (ပထမ) (၃)လပတ်အတွက် (၃၀၀၀၀)ကျပ်စီ ထောက်ပံ့ငွေလွဲပြောင်းပေးအပ်ပွဲကို ဇူလိုင်လ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
လှည်းကူးပညာရေးဒီဂရီကောလိပ်တွင် ရှေးဦးသူနာပြုစုခြင်း(အခြေခံအဆင့်)သင်တန်း အမှတ်စဉ် (၁/၂၀၂၃)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Jul 05,2023
ရန်ကုန်တိုင်းဒေသကြီး၊  လှည်းကူးမြို့နယ်တွင် လှည်းကူးပညာရေးဒီဂရီကောလိပ်နှင့် ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦး သူနာပြုစုခြင်း(အခြေခံအဆင့်) သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်တွင် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်သင်ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ်၊ ပညာအားမာန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်၌ အသက် ၁ နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်းလုပ်ငန်းများဆောင်ရွက်
Jul 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများမှ အသက် ၁ နှစ်ခွဲ အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့သည်။
သရက်မြို့၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး
Jul 05,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မွေးကင်းစမှ အသက် (၁)နှစ်ခွဲထိကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော်ဘုရားကြီး ဓမ္မာရုံတွင် မြို့ပေါ်(၈)ရပ်ကွက်မှ မွေးကင်းစမှ အသက်(၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
ပိုင်ကျုံမြို့တွင် ကြက်မောက်သီးများပေါ်ချိန်၌ ကြက်မောက် စိုက်တောင်သူများ မိသားစု အပိုဝင်ငွေရရှိ
Jul 05,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကြက်မောက်သီးပေါ်ချိန်တွင် ကြက်မော်စိုက်တောင်သူများအနေဖြင့် မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။