သတင်းများ

ပေါက်တောမြို့ရှိ KG ကျောင်းသား ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံ
Jun 27,2023
ပေါက်တောမြို့ရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ် အထက် KG သား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက အ.ထ.က(ပေါက်တော)တွင်စုရပ်ထားပြီး စတင်ထိုးနှံပေးလျက်ရှိသည်။
မိုင်းယန်းမြို့နယ်၌ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်
Jun 27,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် လူနေအိမ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်စေရေးအတွက် အဘိတ်ဆေး ခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြသည်။
သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေး ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများဆောင်ရွက်
Jun 27,2023
ခြင်မှတဆင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းဖြစ်သည့် ခြင်နှိမ်နှင်းရေးလုပ်ငန်း၊ ခြင်ဆေးခတ်ခြင်းလုပ်ငန်းနှင့် ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများကို ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ/ရပ်ကွက်များအတွင်း ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများကို ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အမှတ်(၅)အရန်မီးသတ်များက ယနေ့ နံနက် ၁၀ နာရီ အချိန်က သူဌေးကန်ကျေးရွာ၌ ခြင်းဆေးဖြန်းခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေး ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်
Jun 27,2023
ခြင်မှတဆင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းဖြစ်သည့် ခြင်နှိမ်နှင်းရေးလုပ်ငန်း၊ ခြင်ဆေးခတ်ခြင်းလုပ်ငန်းနှင့် ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများကို ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ/ရပ်ကွက်များအတွင်း ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများကို ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အမှတ်(၅)အရန်မီးသတ်များက ယနေ့ နံနက် ၁၀ နာရီ အချိန်က သူဌေးကန်ကျေးရွာ၌ ခြင်းဆေးဖြန်းခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ပြိုင်ပွဲများပြုလုပ်
Jun 27,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre – Lashio)တွင် ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်သည်။
ရွှေပြည်သာမြို့နယ်၌ မိုးစပါးစံပြကွက်စိုက်မည့် တောင်သူများအား မျိုးစေ့၊ မြေဩဇာနှင့်ပိုးသတ်ဆေး‌များ ထောက်ပံ့ပေးအပ်
Jun 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ မိုးစပါးစံပြကွက်စိုက်မည့်တောင်သူများအား မျိုးစေ့၊ မြေဩဇာနှင့်ပိုးသတ်ဆေးများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီတွင် အမှတ်(၂၁)ရပ်ကွက်(လိန်ကုန်း)ဝေနေယျသုခပရဟိတအသင်းရုံး၌ ကျင်းပကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (community centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် စာအုပ်မိတ်ဆက်ပွဲနှင့် စာဖတ်ဝိုင်းပြုလုပ်
Jun 27,2023
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Cemtre)ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန် မြင့်မားစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများနှင့် သုခုမရင်ပြင် စာပေစေတမန်မှ စာရေးဆရာများရေးသားသည့် “နှလုံးသားထဲကခင်မကန်”နှင့် သုခုမအလင်္ကာ ကဗျာ၊ ဆောင်းပါး၊ဝတ္ထုတိုများစာအုပ် စာအုပ်မိတ်ဆက်ပွဲနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပြုလုပ်ခဲ့သည်။
သရက်ချောင်းမြို့နယ်တွင် မိုးစပါးကြဲခင်းအစား တိုက်ရိုက်အစေ့ချ (Seeder) စိုက်နည်းစနစ်ဖြင့် စိုက်ပျိုး
Jun 27,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပိန်းတောကျေးရွာအုပ်စု၊ မဲနယ်အိုကျေးရွာ ကွင်းအမှတ် (၃၅၅)၊ ဦးပိုင် (၃၃/၂)ရှိ တောင်သူ ဦးလှဖြူ၏ မိုးစပါးဆင်းသုခ(၃) ဧကအား မိုးစပါးကြဲခင်းအစား တိုက်ရိုက်အစေ့ချ (Seeder) စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးခြင်းကို ယနေ့ နံနက် ၈ နာရီ အချိန်က တောင်သူပညာပေးစံပြကွက်ဖြင့် စိုက်ပျိုးပြသခဲ့သည်။