ကျောက်ကြီး ဇွန်လ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနရုံး၌ ယနေ့နံနက်ပိုင်းတွင် မြို့နယ်စိမ်းလန်းစိုပြေရေး သစ်တောဦးစီးဌာနမှ ပျိုးပင်များအား ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာရုံးများသို့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ သစ်ပင်သစ်တော၏ တန်ဖိုးကိုသိရှိစေရန်နှင့် သစ်တောထိန်းသိမ်းရေးတွင် ပူးပေါင်းပါ၀င်လာစေရန် ယာယီပျိုးဥယျာဥ်တွင် ပျိုးထောင်ထားရှိသည့် ကျွန်းပျိုးပင်(၁၅၀၀၀)ပင်၊ ပျဥ်းကတိုးပျိုးပင်(၂၀၀၀)ပင်၊ မန်ဂျန်ရှားပျိုးပင်(၅၀၀၀)ပင်၊ မဟော်ဂနီပျိုးပင်(၂၀၀၀)ပင်၊ စိန်ပန်းကြီးပျိုးပင်(၁၀၀၀)ပင် ပျိုးပင်စုစုပေါင်း(၂၅၀၀၀)ပင် ပျိုးထောင်ထားရှိပြီး တနိုင်တပိုင်စိုက်ပျိုးလိုသည့် ဒေသခံပြည်သူများ၊ မြို့နယ်ဌာနဆိုင်ရာရုံးများနှင့် နယ်မြေခံတပ်ရင်းများအား မြို့နယ်သစ်တောဦးစီးဌာန ယာယီပျိုးဥယျာဥ်ရှိ ပျိုးပင်များအား အခမဲ့ ဖြန့်ဝေးပေးလျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနရုံးကသိရသည် ။
မြို့နယ်ပြန်/ဆက်