မုဒုံမြို့နယ် မြတ်ပညာငွေစုငွေချေးသမဝါယမအသင်း ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

မုဒုံ     ဇွန်     ၂၈

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြတ်ပညာငွေစုငွေချေး သမဝါယမအသင်းလီမိတက်မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် အသင်းသားများ၏ သား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါအသင်းရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် အသင်းဥက္ကဋ္ဌ ဦးသန်းတင်က အဖွင့်အမှာစကားပြောကြားပြီး အသင်းအတွင်းရေးမှူးက ပညာသင်ထောက်ပံ့ကြေးဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့်  ၃ ဘာသာတစ်ဦး၊ ၁ ဘာသာနှစ်ဦး၊ ရိုးရိုးအောင်မြင်သူလေးဦးတို့ကို ဂုဏ်ပြုမှတ်တမ်းနှင့် ဆုငွေအား မုဒုံမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ပြီး ကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)