မိုင်းရှူးမြို့နယ်တွင် ‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

မိုင်းရှူး ဇွန် ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်နှင့် အဖွဲ့ဝင်များက ယနေ့ နံနက်(၈)နာရီက အမှတ်(၄)ရပ်ကွက်ရှိ မြို့ပတ်လမ်းနှင့် နတ်စင်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများအား ကွင်းဆင်းစစ်‌ဆေး ကြည့်ရှုခဲ့ ကြသည်။

ယင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ပထမ(၃)လပတ် ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ်(၁၇၁.၅) သိန်းဖြင့် အရှည်(၃၇၅)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မ မြို့ပတ်လမ်းကွန်ကရစ်လမ်းခင်းခြင်းနှင့် ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ်(၉၄.၈)သိန်းဖြင့် အရှည် (၂၀၅)ပေ၊ အကျယ်(၁၂)ပေ၊ထု(၆)လက်မ နတ်စင်လမ်းကွန်ကရစ်လမ်းခင်းခြင်းဖြစ်ပြီး အဆိုပါ လုပ်ငန်းနှစ်ခုကို မေလ၅ရက်နေ့မှ စတင်ဆောင်ရွက်ရာ ဇွန်၂၅ရက်‌နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)