ဘားအံ ဒီဇင်ဘာ ၂၈
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသားလူငယ်များဗလငါးတန်ဖွံ့ဖြိုးစေရေးအတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ (၁) နာရီအချိန်ခန့်က ဘားအံမြို့ လှာကမြင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစောမြင့်နိုင်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံးမှ ဦးစီးအရာရှိဒေါ်ခက်ခက်လွင်က ကျောင်းသားလူငယ်များအနေဖြင့် လူငယ်ဘဝမှစ၍ မိမိ၏စာရိတ္တကို ကောင်းမွန်ရေး အလေး ထားရမည်ဖြစ်ကြောင်း၊ အကျင့်စာရိတ္တ ကောင်းမွန်မှန်ကန်ရေးသည် အရေးကြီးကြောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နော်ဩလျာဖောက အားကစားအမျိုးအစားများ၊ အားကစား၏ထူးခြားသော ဝိသေသများကို အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရှိရသည်။
ထိုနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်