သီပေါမြို့နမ့်လန်ကျေးရွာအုပ်စုတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်

သီပေါ ဇွန် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို နမ့်လန်ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးတွင် ယနေ့နံနက်(၉)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်းက အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်စန်းစန်းသွယ်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများ အကြောင်း၊ နိုင်ငံတော်က ဆောင်ရွက်ပေးနေသော ကလေးသူငယ်ပြုစုစောင့်ရှောက်ကာကွယ်ရေး လုပ်ငန်းများအကြောင်း၊ ကလေးသူငယ်များအခွင့်အရေးနှင့်ပတ်သက်၍ ဆက်သွယ်ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များအကြောင်းနှင့် ကလေးသူငယ်၏ အကောင်းဆုံးအကျိုးစီးပွားကို ဖြစ်ထွန်းစေသော၊ ခွဲခြားဆက်ဆံမှုမရှိစေသော၊ အသက်ရှင်သန်ခွင့်နှင့် ကလေး၏ထင်မြင်ယူဆချက်ကို အလေးထားဆောင်ရွက်ရမည့်အကြောင်းများနှင့် ပတ်သက်၍ပြည်သူများ သိရှိနားလည်စေရန် အသေးစိတ်အသိပညာပေးဆွေးနွေးခဲ့ကြောင်းနှင့် ဆွေးနွေးပွဲတက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူးက ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)