သတင်းများ

စလင်းမြို့နယ်တွင် မြန်မာအမျိုးသမီးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၃ ခုနှစ်သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပွဲကျင်းပ
Jul 03,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ မြန်မာအမျိုးသမီးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပွဲတောကို စလင်းမြို့နယ် တည်ဘိုကန်ကျေးရွာအုပ်စု တည်ဘိုကန်ကျေးရွာ ကြိုးပြင်ကာကွယ်တော၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပခဲ့သည်။
ဖျာပုံမြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများကို ပြည်သူများသို့သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး
Jul 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့မှ ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့နံနက်(၇)နာရီခွဲအချိန်က ဖျာပုံမြို့အမှတ်(၁၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရောင်းချပေးကြသည်။
မိုင်းကိုင်မြို့နယ်၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Jul 03,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြိုနယ်၌ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့မနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ရာ  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အတွင်းရှိ အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ အမျိုးသမီးဌာနဆိုင်ရာများ စုစုပေါင်းအင်အား ၁၅၀ ဦး တက်ရောက်ခဲ့ကြသည်။
မင်းလှမြို့တွင် ဇီဝဆိုင်ရာအချက် အလက်ကောက်ယူစိစစ်ခြင်းနှင့် (Unique ID) နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်
Jul 03,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူ စိစစ်ခြင်းနှင့် (Unique ID) နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၁၀ နာရီ ချိန်က ဆောင်ရွက်ပေးခဲ့သည်။
အရန်မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံမီးသတ်ပညာလေ့ကျင့်ရေးသင်တန်းဖွင့်လှစ်
Jul 03,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံမီးသတ်ပညာလေ့ကျင့်ရေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၊ သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် အကြိုအခြေခံ မီးသတ်ပညာသင်တန်း ဖွင့်လှစ်
Jul 03,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံ မီးသတ်ပညာသင်တန်း (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီ၌ ကျိုက်ထိုမြို့နယ်မီးသတ်ဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ပလတ်စတစ် မသုံးစွဲရနေ့ သတ်မှတ်ထားရှိမှုအား ဈေးသူဈေးသားများ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jul 03,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုအောက်ရှိ မြို့မဈေးနှင့် ကျေးလက်စည်ပင်သာယာဈေး(၄)ခုတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းသက်သာစေရန် ပလတ်စတစ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားရှိ စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၆ နာရီခွဲက မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် တာဝန်ရှိသူများအဖွဲ့က မြို့မဈေးအပါအဝင် ကုန်းဇောင်းကျေးရွာနှင့် ရှောက်တောကျေးရွာတို့ရှိ ကျေးလက်စည်ပင်သာယာဈေးများသို့ သွားရောက်ပြီး ဈေးရောင်းဈေးဝယ်သူများ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့၊ လူထုအခြေ‌ပြုဗဟိုဌာန၌ မိုးရာသီအလွတ်တန်းဘောလုံးပြိုင်ပွဲ စည်းကမ်း ထိန်းသိမ်းရေး ဆပ်ကော်မတီမှ အစည်းအဝေးပြုလုပ်
Jul 03,2023
ရှမ်းပြယ်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုင်းခတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားအမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ အခမ်းအနားကို စည်းကမ်းထိန်းသိမ်း‌ရေးနှင့်အညီ စနစ်တကျကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်က မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။