မိုင်းခတ် ဇူလိုင် ၃
ရှမ်းပြယ်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုင်းခတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားအမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ အခမ်းအနားကို စည်းကမ်းထိန်းသိမ်းရေးနှင့်အညီ စနစ်တကျကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်က မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲစည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းခတ်မြို့နယ် ဦးစီးမှူးဦးလှမြင့်က ပြိုင်ပွဲကျင်းပရေး လုပ်ငန်းစီမံချက်အားရှင်းလင်းပြီး၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးကျော်ဌေးက ပြိုင်ပွဲကျင်းပရေးဆိုင်ရာ အထွေထွေစည်းမျဉ်း စည်းကမ်းများအား အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသောအားကစားပြိုင်ပွဲဝင် အသင်းခေါင်းဆောင်များနှင့် ဒိုင်အဖွဲ့ဝင်များက မိမိတို့သိရှိလိုသည်များအား မေးမြန်းကြရာပြိုင်ပွဲ စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီအဖွဲ့ဝင်များက ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အုပ်စုပွဲစဉ်များအား မဲနှိုက်ရေးဆွဲခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)