သတင်းများ

လူငယ်များ ဗလငါးတန်နှင့်ပြည့်ဝစေရေးအတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ
Jul 05,2023
ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသည့် ဆိုရိုးစကားနှင့်အညီ အနာဂတ်မျိုးဆက်သစ်များ အရည်အသွေးပြည့်မီစေရေးနှင့် လူငယ်များ ဗလငါးတန်ပြည့်မီစေရေးအတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက် (၁၀)နာရီ အချိန်က သင်္ဃန်းကျွန်းမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဂန့်ဂေါမြို့နယ် မြို့အဝင်/အထွက်စစ်ဆေးရေးဂိတ်၌ တရားမဝင်ကုန်သွယ်မှုမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Jul 05,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၌ မော်တော်ယာဉ်များပေါ်တွင် တရားမဝင်ကုန်သွယ်မှုမရှိစေရေးနှင့် မော်တော်ယာဉ် အဝင်/အထွက်စစ်ဆေးခြင်းများကို ယမန်နေ့ညနေ(၃)နာရီအချိန်က ပုလဲ-ဂန့်ဂေါ ၊ ဟားခါး-ဂန့်ဂေါ ၊ ကလေး-ဂန့်ဂေါ ၊ ထီးလင်း-ဂန့်ဂေါ လမ်းဆုံမြို့အဝင်/ အထွက် စစ်ဆေးရေးဂိတ်တွင် ဂန့်ဂေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသက်နိုင်အေးနှင့် မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
သီပေါမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်
Jul 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ယနေ့နံနက်(၉)နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Jul 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကျောင်း သား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးလျက်ရှိ‌သည်။
မိုင်းရယ်မြို့ မြို့မဈေးကြီးတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်
Jul 05,2023
မိုင်းရယ်မြို့နယ်အတွင်း သွေးလွန်တုတ်ကွေးကြိုတင်ကာကွယ်ရေးအတွက် မိုင်းရယ်မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့မဈေးကော်မတီအဖွဲ့တို့ ပူးပေါင်း၍ မြို့မဈေးကြီးတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်သည်။
သရက်ချောင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 05,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ပညာရတနာခန်းမ) ကျင်းပခဲ့သည်။
မိုင်းငေါ့မြို့တွင် ကျောင်းသား၊ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် နည့်လှည့်ဟောပြောပွဲ ကွင်းဆင်း ဆောင်ရွက်
Jul 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာန တို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က အ.မ.က ကျောင်းသို့ သွားရောက်ပြီး အသိပညာပေး ဟောပြောပွဲကို ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။
တောင်ငူမြို့၌ စာရင်းစစ်မှူးများ၊ ဒုတိယစာရင်းစစ်မှူးများနှင့် လက်ထောက်စာရင်းစစ်မှူးများအတွက် အရည်အချင်းစစ်စာမေးပွဲကျင်းပ
Jul 05,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်စာရင်းစစ်ရုံးမှ ကြီးမှူး၍ စာရင်းစစ်မှူးများ၊ ဒုတိယ စာရင်းစစ်မှူးများနှင့် လက်ထောက်စာရင်းစစ်မှူးများအတွက် အရည်အချင်းစစ်စာမေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။