မိုင်းရယ်မြို့ မြို့မဈေးကြီးတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်

မိုင်းရယ် ဇူလိုင် ၅

မိုင်းရယ်မြို့နယ်အတွင်း သွေးလွန်တုတ်ကွေးကြိုတင်ကာကွယ်ရေးအတွက် မိုင်းရယ်မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့မဈေးကော်မတီအဖွဲ့တို့ ပူးပေါင်း၍ မြို့မဈေးကြီးတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်သည်။

အဆိုပါအဖွဲ့သည် မြို့နယ်စည်ပင်သာယာရေးဌာနပိုင် မြို့မဈေးကြီးအတွင်းရှိ ရေလှောင်ကန်များ၊ ဆိုင်ခန်းများရှိ သုံးရေပုံးများ၊ ဘုရားသောက်တော်ရေနှင့် ပန်းအိုးများအား ဖုံး၊ သွန်၊လဲ၊ စစ်လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်