တောင်ငူမြို့၌ စာရင်းစစ်မှူးများ၊ ဒုတိယစာရင်းစစ်မှူးများနှင့် လက်ထောက်စာရင်းစစ်မှူးများအတွက် အရည်အချင်းစစ်စာမေးပွဲကျင်းပ

တောင်ငူ ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်စာရင်းစစ်ရုံးမှ ကြီးမှူး၍ စာရင်းစစ်မှူးများ၊ ဒုတိယ စာရင်းစစ်မှူးများနှင့် လက်ထောက်စာရင်းစစ်မှူးများအတွက် အရည်အချင်းစစ်စာမေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ပြည်ထောင်စုစာရင်းစစ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်းတွင် ဖွင့်လှစ် သည့် ဌာနအတွင်းကျွမ်းကျင်မှု သင်တန်းများနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံ သင်တန်းများတွင် သင်ကြားပို့ချလျက်ရှိသော ဘာသာရပ်များကို တိုင်းဒေသကြီး၊ ပြည်နယ် စာရင်းစစ်ရုံးများနှင့် ဒေသစာရင်းစစ်ရုံးများမှ Training for Trainer (ToT)ဖြင့် လုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်းတက်ရောက်ပြီးသည့် လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများအနက် သင်တန်းကထိက အဖြစ်တာဝန်ပေးအပ်ရန် သင့်လျော်သူများကို ရွေးချယ်တာဝန်ပေးအပ်ပြီး ဒေသအလိုက် သင်တန်းတက်ရောက်ရန် ကျန်ရှိနေသည့် စာရင်းစစ် မှူးများ၊ ဒုတိယစာရင်းစစ်မှူးများနှင့် လက်ထောက်စာရင်းစစ်မှူးများအား ဆင့်ပွားပို့ချခဲ့ကာ အရည်အချင်းစစ်စာမေးပွဲကို Google Form ပုံစံအသုံးပြု၍ Online စနစ်ဖြင့် ယနေ့နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ ဖြေဆိုကျင်းပခြင်းဖြစ်သည်။

အဆိုပါ အရည်းအချင်းစစ်စာမေးပွဲတွင် တောင်ငူခရိုင်စာရင်းစစ်ရုံးမှ  စာရင်းစစ်မှူးများ၊ ဒုတိယစာရင်းစစ်မှူးများနှင့် လက်ထောက်စာရင်းစစ်မှူးများ၊ စုစုပေါင်း (၁၅)ဦး ဝင်ရောက်ဖြေဆိုခဲ့ ကြောင်းသိရသည်။

ဇော်ကိုကို (ပြန်/ဆက်)