ဂန့်ဂေါမြို့နယ် မြို့အဝင်/အထွက်စစ်ဆေးရေးဂိတ်၌ တရားမဝင်ကုန်သွယ်မှုမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ဂန့်ဂေါ ဇူလိုင် ၅

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၌ မော်တော်ယာဉ်များပေါ်တွင် တရားမဝင်ကုန်သွယ်မှုမရှိစေရေးနှင့် မော်တော်ယာဉ် အဝင်/အထွက်စစ်ဆေးခြင်းများကို ယမန်နေ့ညနေ(၃)နာရီအချိန်က ပုလဲ-ဂန့်ဂေါ ၊ ဟားခါး-ဂန့်ဂေါ ၊ ကလေး-ဂန့်ဂေါ ၊ ထီးလင်း-ဂန့်ဂေါ လမ်းဆုံမြို့အဝင်/ အထွက် စစ်ဆေးရေးဂိတ်တွင် ဂန့်ဂေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသက်နိုင်အေးနှင့် မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မြို့အဝင်/မြို့အထွက်စစ်ဆေးရေးဂိတ်တွင် မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များဖြစ်သော ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများပူးပေါင်း၍ ကုန်သွယ်မှုလုပ်ငန်းများတွင် တင်သွင်းသူ/ စားသုံးသူ/အသုံးပြုသူများ၏ အကျိုးစီးပွားကို ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်မော်တော်ယာဉ်များပေါ်တွင် တားမြစ်/ကန့်သတ်ကုန်ပစ္စည်းများ တရားမဝင်သယ်ဆောင်ခြင်းများမရှိစေရေးအတွက် ရှောင်တခင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

မောင်မျိုးမင်း(ပြန်/ဆက်)