ကျောက်ဆည်မြို့နယ်တွင် ငရုပသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Jul 06,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ငရုပ်စိုက်တောင်သူ များအနေဖြင့် ငရုပ်သီးနှံများစိုက်ပျိုးရာတွင် ဆည်ရေ၊ မြစ်ရေ၊ မြေအောက်ရေတို့ဖြင့် အမျိုးမျိုး စိုက်ပျိုးကြကြောင်းနှင့် ယခုနှစ်တွင်ငရုပ်စိုက်ခင်းများ အပင်ဖြစ်ထွန်းပြီး အသီးအထွက်နှုန်းကောင်းမွန်သဖြင့် ငရုပ်သီးနှံစိုက်ပျိုး သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။