အုတ်တွင်းမြို့နယ်၌ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၄၀၀ ဗို့ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကျင်းပ

အုတ်တွင်း ဇူလိုင် ၆

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် တောပုကျေးရွာအုပ်စု သိုက်ကုန်းကျေးရွာအား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း (NEP) စနစ်ဖြင့် ဆောင်ရွက်သော ၁၁ ကေဗွီ ဓာတ်အားလိုင်း ၄၀၀ ဗို့ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးညီညီက ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များနှင့် စပ်လျဥ်း၍ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးထူးကိုကိုက လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် လျှပ်စစ်အန္တရာယ် အသိပညာပေး ခြင်းများ ရှင်းလင်းပြောကြားကာ ကျေးရွာနေ လျှပ်စစ်မီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသူက လျှပ်စစ်မီးရရှိသုံးစွဲနိုင်မည်ဖြစ်သည့်အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက်လျှပ်စစ်မီးလင်းရေးဖွင့်ပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

အဆိုပါ ကျေးရွာအားလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ (NEP) National Electrification Project စနစ်ဖြင့် လျှပ်စစ်မီးရရှိ‌ရေးလုပ်ငန်းကို ၂၀၂၂ ခုနှစ် ဇွန်လမှ စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် အိမ်ခြေ(၁၂၀)ရှိ သိုက်ကုန်းကျေးရွာမှ အိမ်ခြေ (၇၃)လုံးအား ကနဦး လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ် ကြောင်း၊ ကျန်ရှိသော အိမ်ခြေများအား လျှပ်စစ်မီးဆက်လက်ရရှိအောင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေမင်းရည်စော (ပြန်/ဆက်)