ဘူးသီးတောင်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Libraryစနစ်ဖြင့် စာအုပ်စာစောင်များ (အခမဲ့)ငှားရမ်းပေး

ဘူးသီးတောင် ဇူလိုင် ၅

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင် ရေးMobile Library စနစ်ဖြင့် စာအုပ်စာစောင်များ (အခမဲ့)ငှားရမ်းပေးခြင်းကို ယမန်နေ့ နေ့လည် (၂) နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ကာ (အခမဲ့) ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စာအုပ်၊ စာစောင်များ (အခမဲ့) ငှားရမ်းပေးရာတွင် ဘူးသီးတောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ အလုပ်မအားလပ်၍ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ် ဝန်ထမ်းများအားအသိပညာ ဗဟုသုတတိုးပွား စေရေးနှင့် စာအုပ်စာပေများကို ဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရေး၊ စာဖတ်ရှိန် မြှင့်တင်ရေးရည်ရွယ်ပြီး သုတ၊ ရသစာအုပ် (၅၀) အုပ်ကို နှစ်ပတ်ငှားစနစ်ဖြင့် ငှားရမ်း ပေးခဲ့သည်။

အဆိုပါမိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များ (အခမဲ့) ငှားရမ်းပေးခြင်းကို နှစ်ပတ်ပြည့်လျှင် စာအုပ်၊ စာစောင်အသစ်များဖြင့် လဲလှယ်ငှားရမ်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)