နတ်မောက်မြို့နယ်၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 26,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာန တို့ပူးပေါင်း၍ မိုးရာသီသစ်ပင် စိုက်ပျိုး ပွဲတော်ကို ယမန်နေ့နံနက် (၇)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၅)ဧက စိုက်ခင်းနှင့် မီးသင်္ဂြိုဟ်စက် အဝန်းဝိုင်းတို့တွင် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ စိုက်ပျိုး ခဲ့ကြသည်။