ရွှေတောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ

ရွှေတောင် ဇွန် ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် နွားမယံကျေးရွာအုပ်စု ပြည်-ရန်ကုန် ကားလမ်းဘေးတွင် ယနေ့နံနက် ၉း၄၅ နာရီက ရွှေတောင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပခဲ့သည်။ 

အခမ်းအနားတွင်  ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ တိုင်းဒေသကြီးကော်မရှင်အရာရှိ ဒေါက်တာကျော်ကိုကိုလတ်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိဦးဝေနော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ စက်ရုံမှူးဦးမျိုးအောင်ခိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ခဲ့ကြပြီး ရွှေတောင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ပန္နက်တင်မင်္ဂလာကျင်းပပြုလုပ်ခဲ့ကြကြောင်းနှင့် အဆိုပါမြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး ပေ ၂၀၀ ပတ်လည်မြေနေရာ၌ ပေ ၇၀ × ပေ ၄၅ အကျယ် RC တစ်ထပ် ရုံးအဆောက်အဦ‌ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း ( ပြန် / ဆက်)