မိုင်းပျဥ်းမြို့၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ

မိုင်းပျဥ်း ဇွန် ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲက မိုင်းပျဥ်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်အနားတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ဝင်းက အဖွင့်အမှားစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးမှူးဦးသီဟဇော်က ဌာနမှထောက်ပံ့မှုနှုန်းထားနှင့် ငလျင်ဘေးအန္တရာယ်အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင်းခြင်းကို ဆက်လက်ကျင်းပရာ ငလျင်စတင်လှုပ်ခတ်ကြောင်း (၅ စက္ကန့်)မျှ အသိပေးခရာဖြင့် အချက်ပေးခြင်း၊ ကျောင်းသား/သူ များမှဘေးလွတ်ရာ ကွင်းပြင်သို့ အမြန်ပြေးထွက်ခြင်း၊အမြန်ပြေးထွက်၍ မရနိုင်သောအခြေအနေတွင် နေထိုင်ရမည့် အနေ အထားအတိုင်းနေထိုင်ခြင်း၊ ဘေးသင့်ဒေသအားလမ်ကြောင်းရှင်းလင်းခြင်းနှင့် လှုံခြုံရေးပေးခြင်း၊ (၁၀စက္ကန့်)အကြာပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေးပေးခြင်း၊ ဒဏ်ရာရသူများအား မီးသတ်ဌာနမှ ကြက်ခြေနီဌာနသို့ လွှဲပြောင်းပေးခြင်း၊ ဒဏ်ရာပြင်းထန်သူများအား ကြက်ခြေနီဌာနမှ ကျန်းမာရေးဌာနသို့လွှဲပြောင်းကုသပေးခြင်း စသည့်ငလျင်ဖြစ်ပွားမှုကြောင့် ဖြစ်ပေါ်စေသည့် ဆိုးကျိုးများအား သဏ္ဍာန်တူသရုပ်ပြသခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငလျင်ဘေးအန္တရာယ်ဆိုင်ရာသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်အနားသို့ မိုင်းပျဉ်းမြို့ တပ်နယ်မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကြက်ခြေ နီတပ်ဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောင့်ရေးအသင်း၊ ကျောင်းသား အသင်းနှင့်စုပေါင်း (၁၅၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ရန်နောင်ထွန်း(ပြန်/ဆက်)