သတင်းများ

ဘုတ်ပြင်းမြို့Community Centre ခန်းမတွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်ကျင်းပ
Jun 28,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရွှေတောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကျင်းပ
Jun 28,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ တရုတ်မှော်ကြိုးဝိုင်း အကွက်အမှတ်(၂၅)တွင် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်တွင် ကိုယ်ရေးအချက်အလက် (Biographic Data)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းများစတင်ဆောင်ရွက်
Jun 28,2023
နိုင်ငံသားကိုယ်ရေးအချက်အလက်မှန်ကန်စေရေးနှင့် e-Government အကောင်အထည်ဖော်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရုံးမှ တာဝန်ယူဆောင်ရွက်သည့် ဇီဝဆိုင်ရာအချက် အလက်(Biometric)ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ဦးစီးမှူး ဦးလွင်ဦးနှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။
သရက်မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်းရန်ပုံငွေ၊ တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်
Jun 28,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဘဏ္ဍာနှစ်အလိုက် ကျေးလက်လမ်း၊ တံတားများအား ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်သရက်မြို့နယ်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေ၊ တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေတို့ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဟု အဆိုပါ ဦးစီးဌာနမှ သိရသည်။
တောင်ကုတ်မြို့နယ်၌ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများသို့ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံ
Jun 28,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား ၊ ကျောင်းသူများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီ အချိန်မှ စတင်၍ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်
Jun 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူခြင်းလုပ်ငန်းများကို  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးရုံးတွင် ဇွန်လ ၂၆ ရက်နေ့ နံနက် ၉ နာရီခွဲမှစ၍    မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပုသိမ်မြို့၌ မွေးမြူရေးလုပ်ငန်းသုံး တိရစ္ဆာန်အစာများ ကြိတ်ခွဲပြုပြင်ထုတ်လုပ်သည့် စက်ပစ္စည်းများ မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားကျင်းပ
Jun 28,2023
မွေးမြူရေးလုပ်ငန်းသုံး တိရစ္ဆာန်အစာများ ကြိတ်ခွဲပြုပြင်ထုတ်လုပ်သည့် စက်ပစ္စည်းများ မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားအား ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် စိုက်ပျိုး၊ မွေးမြူရေးတောင်သူများ တက်ရောက်ခဲ့ကြသည်။
အ.ထ.က ခွဲ (ရေပူကြီး)ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောခြင်းနှင့် အားကစားပစ္စည်း ပေးအပ်လှူဒါန်းပွဲ ပြုလုပ်
Jun 28,2023
လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေး ရည်ရွယ်၍ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က အ.ထ.က ခွဲ(ရေပူကြီ) ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။