စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

စဉ့်ကိုင် ဇွန် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာ Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော ပွဲကို ယနေ့နံနက် (၉) နာရီက ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောရာတွင်  ကလေးငယ်များ လူကုန်ကူးခံရ၍ ခိုင်းစေခံရသည့် ဖြစ်စဉ်များ၊  ကလေးငယ်များအပေါ် လုပ်အားခေါင်းပုံဖြတ်ခံရမှု     မရှိစေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေးကို  အလေးထား ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကလေးအလုပ်သမားများ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမား များ၏  အသက်အရွယ်၊ ကလေးအလုပ်သမားများနှင့် ကျောင်းပညာရေး၊    ကလေးအလုပ်သမားများ၏  အလုပ်ချိန်ကန့်သတ်ချက်များ၊   ကလေးအလုပ်သမား ပပျောက်ရေး ရည်မှန်းချက် (၃)ရပ် စသည့် ကလေးအလုပ်သမားနှင့်  သက်ဆိုင်သည့် သိမှတ်ဖွယ်ရာအကြောင်းအရာများကို  အသိပညာပေးဟောပြော ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကိုင်မြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုများရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာ ပေးအစီအစဉ်များကို စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခုဟောပြောပွဲ အပြည့်အစုံကိုလည်း We Love Sintgaing Page တွင် တင်ဆက်ပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။

ကျော့မူယာမောင်