သတင်းများ

မိုင်းယန်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်
Jun 30,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြသည်။
သန်လျင်မြို့နယ် မြစိမ်းရောင်ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေများထုတ်ချေး
Jun 30,2023
သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာ ၃၁ ရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများအား ကိုဗစ်–၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ကွင်းဆင်းထိုးနှံပေး
Jun 30,2023
နိုင်ငံတစ်ဝန်း ကိုဗစ်–၁၉ ရောဂါပြန်လည်ဖြစ်ပွားနေသည့်အတွက် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ကိုဗစ်–၁၉ရောဂါဖြစ်ပွားမှု လျော့နည်းစေရေးအတွက် ကိုဗစ်–၁၉ရောဂါကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉နာရီခွဲအချိန်က အခြေခံပညာ(အ-ထ-က)သရက်ချောင်းကျောင်းတွင် ကွင်းဆင်းထိုးနှံပေး လျက်ရှိသည်။
ညောင်ဦးမြို့နယ် လေးတဲစုတဲတိုက်သို့ သောက်သုံးရေဂါလံ  ၁၆၀၀ လှူဒါန်း
Jun 30,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်  လေးတဲစုတဲတိုက်သို့သို့ဝေမျှခြင်း ပရဟိတ မိသားစုက ယနေ့နံနက် ၁၁ နာရီ အချိန်က သောက်သုံးရေ ၁၆၀၀ ဂါလံသွားရောက် လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် ‌အေးမေတ္တာရေအလှူတော် အသင်း ဦးဝင်းမင်းထွန်းထံက သိရ သည်။
လွိုင်လင်မြို့ အ.ထ.က(၃)တွင် ငလျင်ဘေးအန္တရာယ် သဏ္ဌန်တူ ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်
Jun 30,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့၊ အ.ထ.က(၃)ကျောင်းတွင် ငလျင်ဘေးအန္တရာယ် သဏ္ဌန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို‌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦး စီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီက ပြုလုပ်ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ် မိုးစပါးစိုက်ပျိုးရေး၌ စက်မှုလယ်ယာစနစ်ဖြင့် ထွန်ယက်စိုက်ပျိုးမှုများပြား
Jun 30,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ မိုးစပါးစိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးမှု ကြီးကြပ်ရေးကော်မတီနှင့် စိုက်ပျိုးတောင်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ လယ်ယာကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် စက်မှုလယ်ယာစနစ်ဖြင့် ထွန်ယက်စိုက်ပျိုးမှု ပိုမိုများပြားလာကြောင်း စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် ခရီးသွားလုပ်ငန်းကော်မတီ ၆/၂၀၂၃ ကြိမ်မြောက်အစည်းအဝေး တက်ရောက်၊ အကျဉ်းထောင်ရှိတာဝန်ရှိသူများအားတွေ့ဆုံ၍ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လိုအပ်ချက်များအား ပံ့ပိုးဖြည့်ဆည်းပေး
Jun 30,2023
စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ၆/၂၀၂၃ ကြိမ်မြောက် အစည်းအဝေးကို ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊ ဒုတိယဥက္ကဌ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော် မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ပန်းတနော်မြို့နယ် မင်းတစုသဘာဝမြစ်ချောင်းအတွင်းသို့ ငါးမျိုးများစိုက်ထည့်
Jun 30,2023
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးများပြုန်းတီးမှု မဖြစ်ပေါ်စေရေး၊ ဒေသခံပြည်သူများ၏ ငါးရိက္ခာဖူလုံစေရေးတို့အတွက် မင်းတစုကျေးရွာရှိ မင်းတစုသဘာဝမြစ်ချောင်းအတွင်းသို့ ယနေ့နံနက် ၉ နာရီက ငါးသားပေါက်ကောင်ရေ လေးသိန်းစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။