မန္တလေး ဇူလိုင် ၁၀
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် (၁၀) နာရီတွင် ပြည်ကြီးတံခွန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းအမှတ် (၃၉)၌ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါလက်ကမ်းစာစောင်တွင် သွေးလွန်တုပ်ကွေးရောဂါဆိုသည်မှာ၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ပြည်သူလူထုကဆောင်ရွက်ရမည့် လုပ်ငန်း(၄)ရပ်၊ သွေးလွန်တုပ်ကွေးရောဂါကို သယ်ဆောင်သော ခြင်ကျားအကြောင်း၊ ကလေးငယ်များ ဖျားနာပါက သွေးလွန်တုပ်ကွေးရောဂါ ဟုတ်/မဟုတ် ဂရုစိုက်သင့်ကြောင်း၊ သွေးလွန်တုပ်ကွေး လက္ခဏာများ၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး နည်းလမ်းများ၊ ခြင်ကျားပေါက်သည့် နေရာများနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ရန်နည်းလမ်းများ၊ သွေးလွန်တုပ်ကွေး လက္ခဏများပြသပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ပြသသင့်ပါကြောင်း၊ ခြင်ဆေးမှုတ်သည့် နည်းလမ်းများနှင့် ကလေးငယ်များ ခြင်ကိုက်ခံရခြင်းမှ ကင်းဝေးစေရန် ဆောင်ရွက်ပေးသင့်သည့်အချက်များစသည့် အချက်များပါဝင်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)