ဒေးဒရဲမြို့၌ လူငယ်ပညာပေး ဟောပြောပွဲကျင်းပ

ဒေးဒရဲ ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားစေရေးအတွက် လူငယ်ပညာပေး ဟောပြောပွဲကို ယနေ့နေ့လယ်(၁)နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ.ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ လူငယ်နှင့်ကိုယ်ကျင့်တရား၊ အာဇာနည်စိတ်ဓာတ် စသည့် ခေါင်းစဥ်များဖြင့် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်ပညာပေးဆွေးနွေးပွဲသို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် အခြားအသိပညာပေး နံရံကပ် စာစောင်များကို ဖတ်ရှု လေ့လာခဲ့ကြောင်း သိရသည်။

အေဇာလင်း