ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်လေဆိပ် ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေမှု၊ ဝန်ထမ်းအိမ်ရာများ ပြုပြင်မှုလုပ်ငန်းများနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက လွိုင်ကော်လေဆိပ် ပြန်လည်ပြင်ဆင်ရေး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှု၊ ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်မှုလုပ်ငန်းများ နှင့်ထပ်မံပြုပြင်မည့် အခြေအနေများ၊ မြို့လယ်ဓမ္မရုံ ပြုပြင်ဆောင်ရွက်မည့် အခြေအနေများနှင့် သီရိမင်္ဂလာပုံဟော်ကြီးကျောင်း၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။