ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

လွိုင်ကော် ဇွန် ၂၃

ကယားပြည်နယ် ၂၀၂၅ ခုနှစ် ပြည်နယ်ဝန်ကြီးချုပ်ဖလား (၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်အားကစားရုံအမှတ်(၃)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီအဖွဲ့ဝင်များ၊ အသင်းအုပ်ချုပ်သူများ၊ နည်းပြများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တက်ရောက်လာကြသူများက တတိယလုပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုများနှင့် ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစားနေမှုတို့အား ကြည့်ရှုအားပေးခဲ့သည်။

ဆုချီးမြှင့်ပွဲကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးစိန်ဦးက ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုရရှိသည့် ကစားသမားအား ငွေသားဆုနှင့် Trophy ကိုလည်ကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းစိုးအောင်က တတိယဆုရရှိသည့်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုတို့ကိုလည်ကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ဒုတိယဆုရရှိသည့်အသင်းအား ငွေသားဆုနှင့်ဆုတံဆိပ်များကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပထမဆုရရှိသည့်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ကယားပြည်နယ် ၂၀၂၅ ခုနှစ် ပြည်နယ်ဝန်ကြီးချုပ်ဖလား (၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို မေလ(၂၀)ရက်နေ့က စတင်ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်း (၁၃)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)