ကယားပြည်နယ်

သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရေပြင်ကယ်ဆယ်ရေး လက်တွေ့သရုပ်ပြသလေ့ကျင့်ခြင်း လွိုင်ကော်တွင်ပြုလုပ်

ကယားပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရေပြင်ကယ်ဆယ်ရေး လက်တွေ့သရုပ်ပြသလေ့ကျင့်ခြင်းအခမ်းအနား ဇွန်လ ၁၈ ရက်နေ့ နံနက်က လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်၊ နောင်ယားကန်သာတွင် ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ် စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံစားကုန်များနှင့် ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်ပွဲကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများအတွက် ချီးမြှင့်ငွေ၊ အခြေခံစားကုန်များနှင့် ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်ပွဲအခမ်းအနားကို ဇွန် ၁၆ ရက်နေ့နံနက်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း နွယ်သာကီခန်းမ၌ ကျင်းပသည်။     

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ ရာအိမ်မှူးများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ တွေ့ဆုံပွဲအခမ်းအနား လွိုင်ကော်တွင် ကျင်းပ

ကယားပြည်နယ်အတွင်း လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍပေါင်းစုံအား အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ရာအိမ်မှူးများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ တွေ့ဆုံပွဲအခမ်းအနားကို ဇွန် ၁၇ ရက်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဌာနဆိုင်ရာရုံး၊ ဝန်ထမ်းအိမ်ရာနှင့် အားကစားကွင်းများ ပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်က ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံး၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးနှင့် ပြည်နယ်သမဝါမယဦးစီးဌာနရုံးများသို့ သွားရောက်ကာ ရုံးများ၊ အားကစားကွင်းများနှင့် ဝန်ထမ်းနေအိမ်များ ပြင်ဆင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများ သန့်ရှင်းသာယာရေး ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်အား ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ်က ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ လွိုင်ကော်တက္ကသိုလ်နယ်မြေအတွင်း သန့်ရှင်းသာယာရေး ဆောင်ရွက်နေမှုနှင့် အခြေခံပညာကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေး ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲ ကျင်းပ

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကယားပြည်နယ်တာဝန်ခံ ဦးခင်မောင်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဌာနဆိုင်ရာအသီးသီးမှ အရာထမ်း၊ အမှုထမ်း သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

လွိုင်ကော်မြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မွေးမြူရေးကဏ္ဍအောင်မြင်ဖြစ်ထွန်းပြီး ပြည်နယ်အတွင်း စားသုံးမှု ဖူလုံစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နေမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအား လွိုင်ကော်မြို့၌ ကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်က လွိုင်ကော်မြို့၊ ကန္ဒရဝတီဘုန်းတော်ကြီးကျောင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ တက်ရောက်ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့အား စိမ်းလန်းသောမြို့တော်၊ သန့်ရှင်းသောမြို့တော်တစ်ခု ဖြစ်လာစေရေး အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ကယားပြည်နယ်အတွင်းရှိ မြို့များသန့်ရှင်းသာယာလှပစေရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လွိုင်ကော်၌ ကျင်းပ

ကယားပြည်နယ်အတွင်းရှိ မြို့များသန့်ရှင်းသာယာလှပစေရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၃ ရက်နေ့ နေ့လယ်က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
Subscribe to ကယားပြည်နယ်