ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိသူ (၄၅) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၄၁၄၂)ဦးရှိ
လွိုင်ကော်ပြည်သူ့ ဆေးရုံကြီးတွင် Genexpert ဖြင့် (၂)ဦး စစ်ဆေးခဲ့ရာ(၁)ဦး ပို့းတွေ့ရှိခဲ့ပြီး ကယား ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် အောက်တိုဘာလ (၂၇)ရက်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသ သူများ၊ ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူ(၁၁၆) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၄၄) ဦးမှာ Positive ဖြစ်ပါသဖြင့် ပိုးတွေ့လူနာသစ် (၄၅)ဦးရှိရာ ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော်ဆေးရုံကြီးတွင် (၁၀)ဦး၊ လွိုင်ကော်မြို့ရှိ(PMC)များတွင်(၂)၊ ဘောလခဲမြို့နယ်ဆေးရုံတွင် (၇)ဦး၊ ဘောလခဲ မြို့နယ်ရှိ(PMC)များ တွင်(၆)ဦး၊ ရွာသစ်တိုက်နယ်ဆေးရုံတွင်(၃)ဦး၊ ဖားဆောင်းမြို့နယ် ဆေးရုံတွင်(၄)ဦး၊ လိုခါးလို တိုက်နယ် ဆေးရုံတွင်(၁)ဦး၊ ဖားဆောင်မြို့နယ်ရှိ (PMC)များတွင် (၁)ဦး၊ မယ်စဲ့မြို့နယ်ရှိ(PMC)များတွင် (၁၁)ဦး ထားရှိ ကုသပေးလျက်ရှိကြောင်း သိရှိရသည်။