ကယားပြည်နယ်

ဖရူဆိုမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံ

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အောက်ရှိ ဝန်ထမ်း များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ် ပြည်သူ့ဆေးရုံသစ်ကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ဒီးမော့ဆိုမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင် ထိုးနှံ

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ စုရပ်၌ ထိုးနှံခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်ပြည်သူ့ ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဘောလခဲမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်(၁၉)​ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်(၁၉) ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန် မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မယ်စဲ့မြို့နယ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာဥပဒေ အသိပညာပေးဆွေးနွေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ဥပဒေ အသိပညာပေး ဆွေးနွေးပွဲကို ယမန်​နေ့က ပန်တိန်းကျေးရွာ ခန်းမဆောင်၌ ကျင်းပ သည်။

လွိုင်ကော်မြို့တွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေး အုပ်ချုပ်ရေး ဥပဒေနှင့် နည်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် လာမည့်အစိုးရ သက်တမ်းအတွက် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နိုင်ရေး ပြန်လည်ရွေးချယ်နိုင်ရန် အတွက် ပြည်သူများအား အုပ်ချုပ်ရေး ဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များ ချပြရှင်းလင်း ဆွေးနွေးအသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ နောင်ယား(က) ရပ်ကွက်၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ သည်။

လွိုင်ကော်မြို့၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးအတွင်းရှိ  ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြည်နယ် ပြည်သူ့ဆေးရုံးကြီး၌ ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ဆောင်ရွက်

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ယနေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကယားပြည်နယ် လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘောလခဲမြို့နယ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာ အစည်းအဝေး ခန်းမဆောင်တွင် ကယားပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်ရဲတပ်ဖွဲ့ လူကုန်ကူးမှု တားဆီးရေးအဖွဲ့ ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ အခမ်း အနားကို ယနေ့ နံနက်(၉)နာရီအချိန်၌ ကျင်းပ သည်။

ကယားပြည်နယ်၊ ရွာသစ်မြို့ သံလွင်မြစ် အနောက်ဘက်ကမ်းကုန်းပေါ်ရှိ ရှေးဟောင်းပေါ်တော်မူ တာဆန်းလဲ စေတီတော်သမိုင်း

တာဆန်းလဲ ဘုန်းတော်ကြီးကျောင်းသည် ရွာသစ်မြို့မှ (၃)မိုင်ခန့် သံလွင်မြစ် အနောက်ဘက် ကမ်းကုန်းပေါ်တွင် ဇရပ်တစ်ဆောင်နှင့်အတူ ယခင်က တည်ရှိခဲ့ဖူးကြောင်း၊ ကျောင်းမှာ သားနားထည်ဝါ လှသည်ကား မဟုတ် ကြောင်း၊ ပျဉ်ထောင်အင်ဖက်မိုး ကျောင်းဆောင်လေး သာဖြစ်ကြောင်း၊ ကျောင်းထိုင်ဆရာတော် အဆက်ဆက် သီတင်းသုံး၍ သာသနာပြုခဲ့ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်