ဖားဆောင်း အောက်တိုဘာ ၂၃
ကယားပြည်နယ်၊ ဘော်ာလခဲခရိုင်၊ ဖားဆောင်းမြို့နယ် ခဲမဖြူကျေးရွာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှထိုးနှံရခြင်းမရှိသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး(ပထမ)အကြိမ်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအသုတ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က အဆိုပါကျေးရွာ ကျေးလက်ဆေးပေးခန်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ခဲမဖြူကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဒေါ်သိမ့်သိမ့်ထိုက်နှင့် ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဆီးချို၊ သွေးတိုး စသည့်ရောဂါများ စစ်ဆေးပေးခြင်းများ ပြုလုပ်ပြီးမှသာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးပြီး ဆေးထိုးနှံပြီးပါက ဘေးထွက်ဆိုးကျိုးရှိ/ မရှိ မိနစ်(၃၀)ခန့် စောင့်ဆိုင်းစေခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အလားတူ ဖားဆောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင်လည်း သူနာပြု(၁) ဒေါ်သက်သက်ထွေးနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ကာကွယ်ဆေး တစ်ကြိမ်မျှ ထိုးနှံရခြင်းမရှိသေးသည့် ပြည်သူများနှင့် ဒုတိယအကြိမ်ထိုးနှံရမည့် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ယင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်ပေးနေမှုကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် Volunteer များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
နန်းသဲနုအောင်