ကယားပြည်နယ်

ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဝယ်ယူရန်အတွက် အလှူငွေလာရောက်လှူဒါန်း

ကယားပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ထိန်းချုပ်၊ ကာကွယ်၊ တားဆီးရေး လုပ်ငန်း များအား အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိပြီး စေတနာရှင်၊ အလှူရှင်များနှင့် အဖွဲ့အစည်း အသီးသီးမှ လှူဒါန်း သည့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများကိုလည်း ပြည်နယ်အတွင်း လိုအပ်သည့် နေရာများသို့

ဖရူဆိုမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု သင်တန်း ဖွင့်လှစ်

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက် နေ ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၁) ကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့မကျေးရွာအုပ်စု ဆိုလျားကူးကျေးရွာ၌ ဖွင့်လှစ်သည်။

ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေချယ်နိုင်ရေး အုပ်ချုပ်ရေး ဥပဒေနှင့် နည်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် လာမည့်အစိုးရသက်တမ်းအတွက် ရပ်ကွက်(သို့မဟုတ်) ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နိုင်ရေး ပြန်လည်ရွေးချယ်နိုင်ရန် အတွက် ပြည်သူများအား အုပ်ချုပ်ရေးဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များ ချပြရှင်းလင်း ဆွေးနွေးအသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်း က လွိုင်ကော်မြို့၊ ချိကယ်ရပ်ကွက်၊ အခြေခံ ပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ သည်။

မီးဘေးသင့်အိမ်ထောင်စုတစ်စုအတွက် ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ထောက်ပံ့

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ် နောင်ပုလဲကျေးရွာအုပ်စု (၄)မိုင်ကဖုကျေးရွာ တွင် ယမန်နေ့ နံနက် ၁ နာရီက နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ထောင်စု တစ်စုအတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ ညနေ ၅ နာရီခွဲက ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ်အတွင်းရှိ အသက်(၁၀၀)နှစ်နှင့် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှု​ရေးပင်စင် အိမ်တိုင်ရာ​ရောက် ​ထောက်ပံ့​ပေးအပ်

ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်အတွင်းရှိ အသက်(၁၀၀)နှစ်နှင့် အသက်(၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာ​ရေးနှစ် ပထမ(၃) လပတ်အတွက် လူမှုရေးပင်စင်​များ ​ထောက်ပံ့​ပေးအပ်ခြင်းကို ယမန်​နေ့ ည​နေ(၄)နာရီအချိန်က မြို့နယ်အုပ်ချုပ်​ရေးမှူး ဦး​အောင်မြတ်မိုး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီး ဌာန မြို့နယ်ဦးစီးမှူး ​ဒေါ်ဝင်းဗိုလ်နှင့် ရပ်ကွက်/​ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က အိမ်တိုင်ရာ​ရောက် လိုက်လံ​ထောက်ပံ့​ပေးအပ်ခဲ့​ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စစ်ဆေးရေးဂိတ်များအတွက် ထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် မယ်ဆည်နမ်စစ်ဆေးရေးဂိတ်နှင့် နမ့်မန်းစစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် များ၊ ခရီးသွား ပြည်သူများအား နေ့စဉ်ကျန်းမာရေး စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်မေးမြန်းခြင်း၊ ကျန်းမာရေး ထောက်ခံချက်များ စိစစ်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိရာ အဆိုပါဂိတ် နှစ်ဂိတ်အတွက် ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများက သွားရောက် ထောက်ပံ့ခဲ့ ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား ပထမ(၃)လပတ်အတွက် လူမှုရေးပင်စင်များ ထောက်ပံ့ပေး အပ်ခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန္တာမြင့်တို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေး အုပ်ချုပ်ရေး ဥပဒေနှင့် နည်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် လာမည့်အစိုးရသက်တမ်းအတွက် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နိုင်ရေး ပြန်လည်ရွေးချယ်နိုင်ရန် အတွက် ပြည်သူများအား အုပ်ချုပ်ရေးဥပဒေနှင့် နည်းဥပဒေပါပြဋ္ဌာန်းချက်များ ချပြရှင်းလင်း ဆွေးနွေး အသိပညာပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်၊ အမှတ်(၇) အခြေခံပညာအထက်တန်း ကျောင်း၌ ပြုလုပ်ခဲ့သည်။

ဒီးမော့ဆိုမြို့နယ်တွင် မီးကြွင်းမီးကျန်မှ တစ်ဆင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ် နောင်ပုလဲကျေးရွာအုပ်စု (၄)မိုင်က ဖုကျေးရွာတွင် ယနေ့ နံနက် ၁ နာရီခန့်က မီးဖိုချောင် မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ ဒီးမော့ဆိုမြို့နယ် မီးသတ် စခန်းမှ မီးသတ်ဦးစီးမှူး ဦးကြည်စိုးဟန် ဦးဆောင်သော တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် ၃ စီးဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်ရှိ ငွေတောင်ဆည်မှ ယခုနှစ်တွင် နွေစပါးစိုက်ဧက ၃၀၀ ခန့်သာ ရေလုံလောက်စွာပေးဝေနိုင်မည်

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ငွေတောင်ဆည်၏ ရေအရင်းအမြစ်တစ်ခုဖြစ်သည့် နန်းစံဖူး သဘာဝရေထွက် ပေါက်မှ ရေထွက်နှုန်း ကျဆင်းလျက်ရှိသည့်အပြင် မိုးရာသီကာလ၌ မိုးရွာသွန်းမှု နည်းပါးသည့်အတွက် ယခုနှစ်တွင် ငွေတောင်ဆည်ရေသောက် နွေစပါးစိုက်ဧက ၃၀၀ ခန့်သာ ရေလုံလောက်စွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်